MYAT KHINN THIT

မြက်ခင်းသစ်လွင်ပြင်

သူရဿဝါ

`မိုးရာသီဆက်တင်´ ကဗျာပြိုင်ပွဲ

`မိုးရာသီဆက်တင်´ ကဗျာပြိုင်ပွဲအတွက် ကဗျာများကို ဤနေရာတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

Share

Reply to This

Replies to This Discussion

မိုးတိမ်



မုတ်သုန်တွေထွက်သွားတိုင်း
ရောက်ခဲ့ရတဲ့မြို့လေးရေ
တစ်ကယ်တော့
ငါဟာ
လျှပ်စီးတွေလက်ပြီးသွားတာတောင်
ရွာချခွင့်မရှိတဲ့
မိုးတိမ်တစ်ခုပေါ။့


ခံစားရလွန်းလို့
မင်းကြားနိင်မလာဆိုပြီး
ဆန္ဒအစိုင်အခဲတွေကို
ထစ်ချုန်းဖောက်ခွဲ
အော်ဟစ်ပြတတ်သေးတဲ့
အရောင်ခပ်မွဲမွဲရှိတဲ့
ဘောင်းဘီဝတ်ထားတဲ့မိုးတိမ်လေ။



မင်းရဲ့ဥယျာဉ်ထဲမှာ
အေးမြစေရုံပဲဖြစ်ဖြစ်
စိမ်းလန်းစေရုံပဲဖြစ်ဖြစ်
စိုစွတ်ရုံလေးပဲဖြစ်ဖြစ်
ရွာချပြချင်ခဲ့တဲ့
မိုးတိမ်သက်သက်တစ်ခုပါ။


မင်းကိုပူလောင်စေမဲ့
အရာအားလုံး
ရဲရဲတင်းတင်းဖုံးအုပ်
အရိပ်ရစေရုံ
အေးမြစေချင်တဲ့
မိုးတိမ်တစ်ခုပါပဲ။

မင်းမမြင်နိင်တဲ့
လွင်တီးခေါင်တွေပေါ်မှာ
ထုပ်ပိုးထားတဲ့
ငွေ့ရည်ဖွဲ့ဒဏ်ရာတွေအားလုံး
ခပ်သည်းသည်းသွန်ချ
ငိုကြွေးခဲ့ရတဲ့
ရာသီလွန်မိုးတိမ်တစ်ခုပေါ့။


........ကောင်မလေးရေ.......
တစ်ကယ်တော့
ငါဟာနောက်ကျခဲ့ပေမဲ့
ဥပေက္ခာမထားတတ်တဲ့
အရောင်ခပ်မွဲမွဲ
  မိုးတိမ်တစ်ခုပါပဲ။

အမည်မဲ့

Reply to This

မိုးတွေရွာနေတုန်း


မိုးတွေရွာနေတုန်း ကျွန်တော့်ကိုမွေးခဲ့
အဖေ ကားငှားမရ မိုးကြီးလို့ကားသမားတွေကမလိုက်
အမေ့ဗိုက်ထဲမှာ ကျွန်တော်လည်းမွန်းကျပ်နေပြီ။
ကျွန်တော့်ကြောင့်အမေလည်း မွန်းကျပ်နေပြီ။
အဲ့ဒီ့သိဟ်ရာသီမှာ...
ဒီလိုအဖြစ်တွေဆို မင်္ဂလာယူ အကူအညီပေးတတ်တဲ့
အန္ဒိယသားလည်း
ပေါ်ပေါက်ခဲ့တယ်။

မိုးတွေရွာတိုင်း....
မိုးရာသီရောက်တိုင်း
စီစဉ်တကျ အဖေက ပြောပြတယ်
ကျွန်တော်မွေးဖွားရာ ဒေသနဲ့ အဖြစ်တွေကို။

အဲ့ဒီ့တုန်းကခေတ်တွေကိုပေါ့။
အဲ့ဒီ့တုန်းက စံနစ်တွေကိုပေါ့
အဲ့ဒီ့တုန်းက အဖြစ်တွေကိုပေါ့။

မိုးတွေရွာနေစဉ်....
မိုးတွေရွာနေတုန်း
မိုးတွေရွာနေခဲ့တုန်းက
ကျွန်တော့်အသက်တည်ရာဒေသကိုကျွန်တော်မမှတ်မိ
ခေတ်နဲ့စံနစ်နဲ့ နည်းပညာနဲ့ အထောက်အကူတွေယူပြီး
ခဏခဏ ရောက်ခဲ့။
တစ်ကယ့်တစ်ကယ်က အိပ်မက်တွေထဲမှာ လေယာဉ်ပျံကြီးစီးလို့
သူစိမ်းတွေကြားမှာတဲ့။

မိုးရာသီရောက်တိုင်း...
နွေးနွေးထွေးထွေးသူငယ်ချင်းတွေနဲ့ စကားနွေးနွေးတွေပြောရင်း
ဇာတိချက်မြုပ်တွေအကြောင်းရောက်လာရင်
ဆက်ဖို့စကားတွေတောင် ငုပ်ငုပ်သွားခဲ့။

တစ်ရွာမပြောင်းသူကောင်းမဖြစ်တဲ့လားအမေ...
ဒါတွေပြောရင် ဒေါတွေပါမယ်လေ
ဟင့်အင်း ဟင့်အင်း...
ကျွန်တော်ဟာ ကိုယ့်ပြည်ကိုယ့်ရွာကို ပစ်ပြေးချင်တဲ့
သူရဲဘောကြောင်တဲ့သူတော့မဟုတ်ပါဘူး အမေ နဲ့ အဖေ။

ဟိုလူကြီးပြောတဲ့စကားလေ
ကိုယ့်ရွာမှာပဲနေရမယ်ဆိုတာလေ
ဟုတ်သင့်သလောက်တော့ဟုတ်ပါရဲ့
မှန်သင့်သလောက်တော့မှန်ပါရဲ့။
ဟုတ်တိုင်းမှန်တိုင်း ကျွန်တော်က အလွမ်းမတတ်ရတော့ဘူးလား
ဓါတ်ပုံတွေကြည့်ပြီးလွမ်း
ဘိုးလ်တံကိုင်ပြီး တမ်းတရတဲ့ ခေတ်မှမဟုတ်ပဲလေ
နော…အမေ..နော…အမေ…နော။

ဟော...
မိုးသံတွေနဲ့မို့ ကျွန်တော်ပြောချင်သလောက်
အဖေနဲ့အမေ ကြားလောက်ပါ့မလား
ကျွန်တော့်ရင်ထဲက စကားတွေဆို ပိုလို့တောင်
ကြားမယ်မထင်ဘူး။
မိုးတွေကရွာနေတုန်း
မိုးတွေကြားမှာလည်း ရွာနေတဲ့ ကျွန်တော်။



ကျော်ညိုသွေး
www.mrguiter.co.cc

Reply to This

"တစ်ရာသီစာ ပျောက်ဆုံးခြင်း"


ငါ့ ကိုလိုက်မရှာပါနဲ့ တော့
ဒီလို တကိုယ်တည်းရေရွတ်မိခြင်းမှာတင်
ငါ့ကိုယ်ငါ ပြန်ရှက်မိရဲ့ …
ခံပြင်းမှု မျက်ရည်များစွာ…ဒီမိုးတွေလိုကြွေကြွေကျဆဲ….

ငါဟာ ဒီနေရာ လိုပဲ
မင်းအတွက် အမိုးအကာမဲ့ တလင်းပြင်
အေးစက်ခိုက်တုန်ခြင်းများဟာ…
ဟောဒီက မိုးစက်တွေနှင့်အတူ
ခေတ္တ ခဏ အလည်လာရဲ့ …

ရွာချင်ရွာပါ…မခြိမ်းပါနဲ့ 
ကြောက်လန့် ခြင်းဆိုတာ ငါ့အတွက်ခင်းထားတဲ့လမ်းမဟုတ်တော့
ငါလဲ မသွားချင်ဘူး....

ဆောင်းလေခင်းထားမယ့်ညနေ ခင်းလေးတခုဆီက
မင်းအပြုံးလေးကို လှမ်းတွေးမိတော့
ငါလဲ မချိပြုံးလေး ပြုံးဖြစ်တယ်

သိပ်နာကျင် သွားပါသလား

တို့ နှစ်ယောက်အတူ ရှိခဲ့ဘူးတဲ့ ညနေအားလုံးပဲ တရားပါရဲ့ 
ငါမင်း ကိုချစ်ခဲ့ မိခြင်းတခုပဲ မတရားဘူး

သြော်…မထင်မှတ်ပါပဲလဲ
စကားလုံး တစုဟာ တည်ဆောက်ခဲ့သမျှအားလုံးကို
အဆုံးသတ် စေနိုင်တယ်…

နေပါ..
အိပ်မက်ထဲမှာတော့ မဝေးသေးဘူး
အဲ့ဒီ ပခုံးဖျားလေးမှာပဲ အရင်လိုပျော်ပါး
အလွတ်ရနေတဲ့ အသက်ရှူသံလေးတောင်
ငါကြားလိုက်မိသေးရဲ့ ….

…………………………………….
ငါ့ ကိုလိုက်မရှာပါနဲ့ တော့
ဒီလို တကိုယ်တည်းရေရွတ်မိခြင်းမှာတင်
ငါ့ကိုယ်ငါ ပြန်ရှက်မိရဲ့ …
နာကျဉ်းမှု မျက်ရည်များစွာ…ဒီမိုးတွေလိုကြွေကြွေကျခဲ့….
………………………………………………………………….။ ။

Reply to This

`` မိုး.......သို့ ´´

မိုးရေ.......
မင်းဟာ ....ကမ္ဘာမြေကြီးအတွက်....
အေးချမ်းတဲ့ ...နမိတ်ပုံတစ်ခုပေါ့....။
မိုးကို...မျှော်နေတဲ့သူတွေ....အတွက်တော့.....
အဖိုးမဖြတ်နိုင်တဲ့.....ရတနာမိုးပေါ့......။။

မိုးရေ....မင်း..ငါ့ကိုချစ်တာ....ငါ့နှလုံးသားကသိတယ်.....
ငါ့ကိုမွေးဖွားခဲ့တဲ့....ဇန်န၀ါရီမှာ...
ငါ့အတွက်....ဆောင်းတွင်းမိုးကလေး...ရွာပေးခဲ့တယ်လေ......။။။

မိုးရေ......မင်းကိုလဲ....ငါချစ်တယ်......
မိုးရာသီမှာ ပွင့်တဲ့...ပုန်းညက်ပန်းကလေးတွေကိုလဲ ချစ်တယ်......
မိုးစဲပြီးစ...လင်းပွင့်နေတဲ့ ကောင်းကင်က သက်တန်ကြီးကိုလဲ ချစ်တယ်....
မိုးပြေးကလေးရွာလို့အပြီးမှာ.....ရှုရှိုက်ရတဲ့...မြေသင်းရနံ့လေးကိုလဲ ချစ်တယ်.....။။။။

မိုးသည်းတဲ့အချိန်....ကော်ဖီပူပူတစ်ခွက်နဲ့...
ကဗျာဖတ်ရတာကိုလဲ .....ငါနှစ်သက်တယ်....။
မိုးသည်းတဲ့အချိန်....တံစက်မြိတ်က...ကျလာတဲ့မိုးရေတွေကို
ငေးကြည့်ရတာလဲ.....ငါကြိုက်တယ်.....။
မိုးသည်းတဲ့အချိန်... အတားအဆီးမဲစွာနဲ့......
ငါ့တစ်ကိုယ်လုံး ရွှဲစိုသွားပါစေ...မိုးရေ.......ငါကျေနပ်တယ်....။။။။။

လေပြည်ညင်းကလေးကို ...ချစ်ပေမယ့်......
မိုးကိုခေါ်ဆောင်လာမယ့်...မုတ်သုံလေပွေရိုင်းကိုတော့....
ငါ...ကြောက်တယ်.....။
မိုးဦးစ......လျှပ်စီးအလင်းတန်းနဲ့ မိုးခြိမ်းသံက.....
ငါ..ရင်တွေကို တုန်လှုပ်စေပြန်တယ်......။
အဲဒီအချိန်မှာ.......ငါ ပုန်းခိုဖို့အတွက်......
နွေးထွေးလုံခြုံတဲ့......ရင်ခွင်တစ်ခုကို.....
ငါ....တောင့်တမိတယ်.....။။။။။။

မိုးရေ.......
မင်းရဲ့ တိမ်တွေ ပြိုတဲ့အခါ........
နှစ်သိပ့်ပေးမယ့်.....ကမ္ဘာမြေကြီးရှိသလို.....
ငါ့ရဲ့ စိတ်တွေ ပြိုတဲ့အခါ.....နှစ်သိပ့်အားပေးနိုင်မယ့်.....
ကမ္ဘာမြေကြီးလို.......ချစ်သူတစ်ယောက်တော့.....
ငါ့အတွက်...လိုအပ်နေပြီ....မိုးရယ်..........။။။။။။။

Reply to This

" အလွမ်း ၀သန် "

ရိုးစင်းတဲ. " မိုး " ရက်တွေအောက်မှာ
ရှင်သန်ရင်း " မိုးစက် " တွေတောင်
အရောင်တွေ ခွဲတတ်လာပြီ...

မြစ်တို.ရဲ. မာယာနဲ.
အနည်းအများ " မုန်တိုင်း " အားတွေကြားက
ခပ်ဖျော.ဖျော. အပြုံးတစ်ခုကိုလဲ
စာတွေ ဖွဲ.တတ်လာခဲ.ပြီ...

တကယ်ဆိုရင်...
အနိမ်.အမြင်. " တိမ်တိုက် " တွေကြားမှာ
အလွမ်းတွေကို ငွေ.ရည်ဖွဲ.ထားတာ
အပြစ်တစ်ခုတော. မဟုတ်ပါဘူး...

မျှော်လင်.ခြင်း အာကာပြင်ရဲ.
ပစ္စုန်ရှင် မိုးဘုရင်မဆီက
ခပ်တိုးတိုး ငိုသံ သဲ.သဲ.ကြားလိုက်တယ်
" ဆုံနိုင်ခွင်. တဲ. " ...

ဆုံမှတ်မသိတဲ. ...
" မိုးစက် " တွေ ကြားမှာ
ခုတော.လဲ...
အလွမ်းတွေ ကညီလို.

တိုးတိတ်တဲ.
" မိုးည " ရှည်အောက်မှာ
ခုဆို...
ကဗျာတွေလဲ အသက်ဝင်ခဲ.ပါပြီ.....။.....။

မိုးစက်အိမ်
၂၃.၆.၀၉

Reply to This

♥ ♥ နှလုံးသားတခုရဲ့ ဖန်ဆင်းရှင်..သို့ ...ချစ်သူ ♥ ♥


သိပ်ချစ်မိခဲ့ ပါတယ်ချစ်သူ.....စိတ်ညစ်စရာဆိုတာမရှိခဲ့ ချင်တာအမှန်ပါ

အရာရာကိုစတေးပြီးချစ်ခဲ့ ပေမဲ့  ပေးဆပ်ခွင့် မပြုခဲ့ တဲ့ မင်းကြောင့် 

ငါ့ နှလုံးသားလေးစူးနင့် ခဲ့ ရပြီပေါ့ .......

မင်းကိုတွေ့ ရင်ချစ်တယ်ဆိုတဲ့ စကား အကြိမ်ထောင်သောင်းမကအောင် ပြောခဲ့ ပေမဲ့ ..

ပြင်းထန်စွာ ငြင်းဆန်ခဲ့ တဲ့ မင်းကြောင့်  ငါ့ နှလုံးသားလေး

မှောင်မိုက်တဲ့ ညသန်းခေါင်အလယ် အခန်းအိုလေးရဲ့ ထောင့် လေးမှာ

ငိုကြွေးလို့ နေလေရဲ့  ......

တကယ်တော့ ချစ်သူရယ် ငါဟာမလိမ်ညာတတ်တဲ့ သူတယောက်ဆိုတာ

မင်းမေ့ လို့ နေပြီထင်ပါရဲ့  ...

ဝန်ခံပါတယ် မင်းအရင်ချစ်ခဲ့ ဘူးသူရှိခဲ့ တယ်ဆိုပေမဲ့ 

ငါ့ နှလုံးသား ရှင်သန်နိုးထလာအောင် လုပ်နိုင်ခဲ့ တာ

မင်းတယောက်ပဲရှိပါသေးတယ်....

မင်းနဲ့ ကျမှ အရာရာကိုစတေးပြီး ပေးဆပ်ဖို့ ကြိုးစားမိတာပါ

ဒါပေမဲ့ လေ..မင်းဆီကမယုံဘူးဆိုတဲ့  စကားတခွန်းကြောင့် 

အမြင့် ဆုံးကိုတက်နေသူတယောက် ထိပ်ဆုံးရောက်ခါနီးပါမှ

အောက်ဆုံးကိုပြန်တွန်းချ ခံလိုက်ရသလို ငါ ခံစားခဲ့ ရတယ်ချစ်သူ

ငါ ဇွဲတော့ မလျှော့ ပါဘူး.....

အချိန်အခါမဟုတ်ရွာတတ်တဲ့ မိုးနဲ့ တောင် လိုက်ပြီးငိုကြွေးတတ်တဲ့ 

ငါ့ ရဲ့ နှလုံးသား တခုအတွက် ငါဆက်ပြီးကြိုးစားနေပါတယ်

မင်းဆီက ချစ်တယ်ဆိုတဲ့ စကား မဟုတ်ခဲ့ ရင်တောင်

ယုံတယ်ဆိုတဲ့  စကားလေးနဲ့ တင် ငါကျေနပ် နေမိမှာပါ

ဒါပေမဲ့ ချစ်သူ... ခုချိန်မှာတော့  မိုးရာသီရဲ့ အလယ်

အဲဒီမိုးစက်လေးတွေ နဲ့ အတူတူ လိုက်ပြီးတော့ 

ငါ... ငိုကြွေးလို့ နေဆဲပါပဲလေ.......။


♥ အောင်ကျော်စိုး ♥ (စစ်ကိုင်းတိုင်း ရွှေဘို ) punkboystar@gmail.com

Reply to This

“မိုးထားတဲ့ အိပ်မက်တွေ ဆိုသလိုဘဲ”

သစ်သားတူရဲ့ထုနှက်သံက..မိုးသွားတယ်
အမည်ဖော်ရခက်ဆဲ လှိုင်းပြတ်တွေ..
မိုးကျနေတယ် ဆိုတဲ့ အသိက နက်.နက်.လာတယ်
တစုံတရာမကခေါ်ဆောင်လာနိုင်တယ်ဆိုတာ ခင်ဗျားလည်းသိပါတယ်..
ရုပ်လုံးကြွမှုက သုညအောက် မဂ္ဂါပဇ္ဇယ်..
အစင်းလိုက်.. အစင်းလိုက်တွေ ဖြတ်သွားတာကို ငါလိုက်မဖမ်းအားဘူး..
ကိုယ့်ဘက်ကို လှည့်စကားပြောလိုက်တော..
ပိတ်နေတာအသံမဟုတ်ဘူး..သူ့ကြောင့် ငါ့အသံမဟုတ်တော့ဘူး
ရှိုက် ရှိုက်ယူရင်း.. ပြန်ပိတ်သွားတယ်..
ဒီအမှုရဲ့ ကွင်းဆက်ကိုလိုက်ချိတ်ဖို့ မျက်လုံးတွေကိုသာမှိတ်ချလိုက်တယ်..
ကျောချမ်းလာတာလား..
ရင်ချမ်းလာတာလား..
သက်တူရွယ်တူမိန်းမပျိုတစ်ယောက်နှင့်အတူ..
ခပ်ရေးရေးဝါးနေဆဲဘဲ..
စိတ်ခံစားမှုကို မဖမ်းမိခင်..
လက်ထဲမှာက၀ိုင်နီတစ်ခွက်..
ငါ့ကိုယ်ငါ မြင်ချိန်.. ဒါပေမယ့် ငါ့ကိုမမြင်သလိုဘဲ..
ငါ့ခေါင်းက တစ်ပတ်လည်နေပြီ..
တစ်ဖက်ဖက်က ရွေ့လျားမှုယန္တရားပေါ်မှာ..
အဖက်ဖက်လား..
ပြန်ခေါ်ရင်လည်း မထူးဘူး..
ကြိမ်နှုန်းမြင့် အသံတစ်ခု.. တစ်ခုမက..
ဆက်တိုက်.. ဆက်တိုက်ဆိုသလို..
ဒီပုံ.. ဒီနည်းနဲ့.. “ဒီလိုဖြေရှင်းရမှာလားလို့” မပြောနိုင်ဘူး..
ဆွံ့အနေတဲ့ ပါးစပ်တွေက အဟောင်းသား..
ခြောက်လှန့်မှုတွေဟာ တဖျောက်ဖျောက်နဲ့ အသက်ဝင်လာတာ..
သိပ်သည်းဆမတူတဲ့ အလွှာနှစ်ခု တစ်သားသဘောကျသယောင်ဖြစ်နေတာ..
လိုက်လို့ဖမ်းနေတာ..
ပုံရိပ်တွေလား.. အစက်အပြောက်တွေလား.. လှိုင်းပြတ်တွေလား.. ငါကိုယ်တိုင်လား..
မိုးရေထဲက ငါ့ကို ထီးဆောင်းရင်းသူတို့..
သူတို့မျက်နှာကို ထီးမဆောင်းဘူးလား..
သူတို့ပြန်သွားကြပြန်ပြီ.. ။ ။
လင်းရမ္မာ

Reply to This

မိုး
ငယ်စဉ်တောင်ကျေး ဘ၀လေး
မိုးရွာထဲတွင် ပြုံးပျော်ရွှင်
ချစ်ခင်မြတ်နိုး ၀သာန်မိုး။ ။
အရါယ်ရောက်လျှင် ချစ်စိတ်ဝင်
သစ်ရွက်ကြွေငြား စိတ်လှုပ်ရှား
မိုးရွာအုံ့မှုင်း လွမ်းစိတ်ဝိုင်း။ ။
ဘ၀တစ်သက်တာချစ်ခဲ့စဉ်
ချစ်သူတစ်ယောက် အပေါ်တွင်
ချစ်သူကပဲ မိုးရွာထဲ
အသဲဟက်တက်ခွဲ
နှလုံးသွေးပျက် အဖြစ်အပျက်ကြောင့်
ခုများတော့တွင်
'' မိုး '' ဆိုသည်ပင် မကြားချင်။ ။

Reply to This

မိုးရာသီ....... မှတ်တမ်း

အုံ့မှိုင်းနေတဲ့ တိမ်လှိုင်းတွေမြင်တိုင်း
ရင်ခွင်ရိုင်းက
ငယ်ဘ၀ကို သတိရတယ်......

မိုးငွေ့ပါတဲ့လေပြေတစ်စမှာ
အတိတ်ဆိုတာ ရှင်သန်လာခဲ့ရ
မေ့မရတဲ့ မိုးရာသီ တွေပါ.......

ကောင်းကင်ရဲ့ အကြင်နာနဲ့
တစ်ဖွဲဖွဲရွာနေတယ့် မိုးရာသီမှာ
ဟိုပြေးဒီလွှား
ကစားခဲ့ဖူးချိန်တွေ....

လင်းခနဲလက်ခဲ့တယ့်
လျှပ်စီးချက်တွေကို တွေ့ရင်
အမေ့ရင်ကိုခိုဝင်ခဲ့ဘူးတယ့် မိုးရာသီ
ပြန်သတိရတိုင်း ပြုံးမိတယ်......

မိုးသည်းသည်းလှုပ်ရွာ
အမေ့ရဲ့ အကြင်နာလက်ကိုတွဲ
ကျောင်းသွားချိန်တွေမှာလဲ
အပျော်တွေ ရွှဲနစ်ခဲ့ဘူးတယ်......

မိုးစက်ရဲ့ အနမ်းနဲ့
ပွင့်လန်းခဲ့ရဖူးတယ့်
ကျောင်းရှေ့က စံပယ်တွေ
အာရုံမှာ အခုထိ ဝေနေသလိုပဲ.
အတိတ်တစ်ခုလုံး မွှေးရနံ့တွေဖုံးလို့ပေါ့.......

လေတိုက်ရင်လွင့်ပါသွားတယ့်
မိုးမှုန်မိုးစက်တွေကြားမှာ
ရင်ခုန်သံကို ရှာတွေ့ခဲ့
ချစ်တတ်စ အရွယ်ပေါ့လေ......

ရင်ခွင်ဦးရဲ့ ဆံနွယ်စမှာ
ပုလဲခသလို ခိုတွဲကျနေတယ့်
မိုးစက်ကလေးတစ်စက်
ခုထိအိပ်မက်လို့မဆုံးခဲ့........

ထီးတစ်ချောင်းထဲနဲ့
မိုးရေတွေ ခိုက်ခိုက်တုန်အောင်ရွှဲနစ်
လက်ချင်းမြဲဖြစ်ခဲ့တယ့် ကြင်နာချိန်တွေ
အတွေးထဲမှာ မိုးစက်ဝေနေတုန်းပဲ.......

ဘယ်အချိန်ကြည့်ကြည့်
အတိတ်ကို သတိရမိတယ့် မိုးရာသီ ပါ.

သံသရာစက်ဝိုင်းမှာ
မိုးမြူတွေ မှိုင်းညို့နေဆဲ
အလွမ်းတွေသည်းခဲ့ဖူးတယ့်
မိုးရာသီ........

အဲဒီလိုနဲ့
ဒိုင်ယာရီ စာအုပ်ကိုပိတ်
ပြတင်းတံခါးကို တိတ်တဆိတ်
တွန်းဖွင့်လိုက်မိရဲ့.........

အပြင်မှာမြင်နေရတာ
တစ်ဖွဲဖွဲရွာနေတယ့် မိုးရာသီ .......။ ။

Reply to This

ချည်တိုင်လွမ်းတေး

ရိုးမရဲ့ရင်ဘတ်ကိုခွဲကြည့်လိုက်တိုင်း
အလင်္ကာကျော်စွာဆရာရွှေပြည်အေးရဲ့
“ မိုး ”ကိုတွေ့ရတယ်
“ ဆရာရွှေတိုင်ညွန့်” ရဲ့
“ တိမ်တမန်”ကိုတွေ့ရတယ်
“ တွန်တေးသိန်းတန် ” ရဲ့
“ ခွေးဖြူမသို့စာတစ်စောင် ” သီချင်းကို
ကြားရတယ်------
“ လက်ဝဲသုန္ဒရ” ရဲ့
“ မဲဇာတောင်ခြေ” ကိုတွေ့ရတယ်
“ ဦးကြီးရဲ့”
“ ရွှေညာမှာရွာတဲ့မိုး” ကိုတွေ့ရတယ်---
ရိုးလေးရဲ့ရင်ကွဲတေးကို
ကြားရတယ်-------
စိမ်းညှိုနေတဲ့ခင်တန်းငယ်နဲ့
တောကြီးမျက်မဲရဲ့
ရုပ်ပုံလွှာကိုတွေ့ရတယ်
ကောက်စိုက်သမတေးကိုကြားရတယ်
ဗုံတော်သံကိုကြားရတယ်
ထွန်ရေးငင်သံကို ကြားရတယ်
စိမ်းညှိုကောက်ပင်တွေနဲ့
သာရကာတေးတွေကိုကြားရတယ်
ကုန်းဂမူတောင်ဆွယ်တောင်တန်းတွေရဲ့
ရုပ်ပုံလွှာကိုတွေ့ရတယ်-------
အို-------ရိုးမ-------
မရောက်တာ ကြာလည်း
ဝóန်တေးချင်းကို ကြားတိုင်း
ငါလွမ်းမိပါတယ်---------

ပြည့်ဖြိုးအောင်(သာဂရ)

Reply to This

မိုးတစ်ညအိမ်မက်

တွေ့ တယ်နော် မျက်ရိုင်းပင်လေးတွေ
လေတိုက်တိုင်းယိမ်းကနေတာ
အရာရာရှင်သန်နိုင်တဲ့အချိန်
လေချွန်သံလေးတွေကျိုးတိုးကျဲတဲက
ဟိုနားတိုးတိုး-----
ဒီနားတိုးတိုးနဲ့------
မိုးငွေ့တွေတစ်ဝကြီးရှုရှိုက်
ခြေက်သွေ့တဲ့ရိုးပြတ်တောတွေ
ဘာရယ်မဟုတ်တဲ့အိမ်ရှေ့ကလမ်းကလေး
ပိတောက်ပင်ကြီးတွေအရွက်ဖားဖားနဲ့
ရှင်သန်ခြင်းတွေအားလုံးက
သူရင်ခွင်ထဲတိုးဝင်လို့
စွတ်စိုခြင်းနိုးတစ်ဝက်က
မိုးငွေ့ရဲ့အေးစက်ခြင်းအောက်
ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်လို့


ဇော်မျိုးသက်(ကုက္ကိုင်း)

Reply to This

~~ သက်တန့်ရောင်နှုတ်ခမ်းရစ် နဲ့ အလွမ်းစို မိုးနေ့ ~~~

တစ်နေ့ .... တစ်နေ့

တိမ်အထုပ်လိုက် ခွဲချိုးပြီ အလုအယက်ပြို

သူ့ကိုသူ ဘောင်ခပ်ထားတဲ့ ပြတင်းပေါက်ရဲ့

အနောက်တစ်နေရာ

တိုးလျလွန်စွ ...

ငါကိုယ်တိုင် ငါ့တစ်ကိုယ်စာ အပြိုက်ပြိုက်သွန်းတယ်

ခေါက်ရိုးကျိုးသွားတဲ့ မိုးနေ့ တစ်နေ့ပေါ့ ..



လွမ်းတတ်မယ် .. ဆိုရင် ...ဆိုရင်ပေါ့

မုတ်သုန်နယ် တစ်ခုစာ ..

ရင်တွင်ပြိုလို့ ....

ကန်လမ်း .. ပြည်လမ်း ..

ကန်ဘောင်ခြေရင်း .. တံတားဖြူကားဂိတ် ....

ငါမျက်လုံးထဲ က မိုးရေတွေအောက်မှာ

ဝိုးဝိုး ဝါးဝါး ပြန်တွေ့တယ် နေ့



ဖြတ်တိုက်ချသွား .. ငါ့ရင်ပေါ်ကို

သုန်သုန်ဖြူးကောင်းတဲ့

ငါမပိုင်တဲ့ အလွမ်းနံ့ သင်းတဲ့ မိုးလေ .....

အနမ်းတစ်ခုပ်စာ ရှိုက်ဖွာချကြည့် တော့

လျှပ်စီးတွေနဲ့ ငါ့ရင်တွေ အပိုင်းပိုင်း . . .

ပြီးတော့ ....

သူ့ဆံနွယ်တွေ နဲ့ ကိုယ်သင်းနံ့ ကို လွမ်းတဲ့နေ ....



အင်း ... ခေါက်ရိုးကျိုးတဲ့ မိုးနေ့ပါပဲ

တိုးလျလွန်စွ . . .

သူကိုယ်တိုင် လဲ သူ့တစ်ကိုယ်စာ

ပြန်ရွာကောင်းတုန်းထင်ပါ့

ငါကိုယ်တိုင် ငါ့ကိုယ်ငါ ဘောင်ပြန်ခပ်ထားတဲ့

စည်းတွေရဲ့ နောက်တစ်နေရာ

အလွမ်းတွေ ဖြေလျော့ချရင်း

တိုးတိုးတိတ်တိတ် ချွေ .......


မောင်မိုးချို

Reply to This

Reply to This

RSS

ွGet Zawgyi Font


Please Click Here If You Want to Get Zawgyi Myanmar Font

! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! !

မြက်ခင်းသစ် မန်ဘာဝင်များ ၏ ကိုယ်ပိုင် စာရေးသားသော ဘလော့ လင့်များ


ဗညားရှိန်

မင်းယွန်းသစ်

သူရဿဝါ

ဇာတိ

နွေးနွေးသဲမွန်

မိုးစက်အိမ်

ပျိုခေတ်

သောတ

လင်းရမ္မာ

ညီမင်းခန့် ( ရိုးရာ )


ဂျေဂျူဝိုင်

အိမ်မက်ကဗျာ(လေတံခွန်)


မိုးတိမ်

ကြည်ဖြူပိုင်

မြက်ခင်းသစ် လွင်ပြင် မှ မန်ဘာ များ မိမိ ကိုယ်ပိုင်ဘလော့ များ ကို ဒီနေရာ တွင် ဖော်ပြလိုပါက
myatkhinnthit@gmail.com သို့ ကိုယ်ပိုင် ဘလော့လိပ်စာ များ ပေးပို့ထား နိုင်ပါသည် ။

© 2009   Created by ဗညားရှိန် on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service