MYAT KHINN THIT

မြက်ခင်းသစ်လွင်ပြင်

Tun Aung Kyaw

(မျှော်လင့်ချက် အလင်းရောင် )

မိန်းခလေး
အချစ်ဆိုတာ ဘာလဲလို့ တွေးမိလား
တစ်ကယ်ဆို
ကိုယ့်အတွက်တော့
မင်းဟာ ..................................
ပန်းတစ်ပွင့်ပေါ့
အချစ်ဆိုတာကို သိပြီး
ဆုံးရှုံးခဲ့ ချိန်မှာ
မင်းက ကိုယ့်အတွက်
နေရောင်ခြည်လေးလေ။
အဲဒီအလင်းရောင်လေးကို
ရင်ထဲကနေ မြတ်နိုးနေခဲ့တာ
ကိုယ့်ကိုနားလည်မှုတွေပေးနိုင်တယ်အထင်နဲ့ပေါ့
တစ်ကယ်တော့ အထင်ဆိုတာ အမြင်မှမဟုတ်တာ
မျှော်လင့်ချက်တွေကို အရောင်ဆိုးခဲ့တယ်ဆိုတာ
မင်းအသိဆုံးဖြစ်မှာပါ။
ပန်းဆိုရင် ခူးမှ ဆိုတဲ့
စကားကို ကိုယ်ကလွန်ဆန်ခဲ့တာကို
နောက်တစ်ကြိမ် ထပ်ဆုံးရှု့းရမှာကို
မလိုချင်တော့တာ ရင်ထဲကဆန္ဒပါ။
အဲဒီအတွက်..........................
အချစ်ဆိုတာကို နောက်တစ်ကြိမ်
ပြန်လည်တူးဖော်ဘို့ အင်အားမရှိတော့ပါဘူးလေ။
ပန်းတိုင်းဟာ ဖူးပွင့်နိုင်ကြသလို
မဖူးပွင်နိုင်ပဲ ကြွေကျပြီး
မြေခရတဲ့ အဖြစ်မျိုးရှိနိုင်တယ်ဆိုတာ
မင်းကိုသိစေချင်လိုက်တာကွာ။

ပန်းတိုင်းဟာလှကြပါတယ်
လှတဲ့ပန်းတိုင်းဟာ မမွှေးကြဘူးလေ
မမွှေးတဲ့ ပန်းတွေထဲမှာ မင်းကို
မမြင်ရက်ဘူး။
ငါ(တို့)ဟာ ပန်းဆိုရင်မွှေးမှ
စမ်းဆိုရင်အေးမှ
အဲဒီလို မသတ်မှတ်ပါဘူး။
ပန်းကို ပန်းလို့ပဲမြင်တယ်
စမ်းကိုစမ်းလို့ပဲမြင်တယ်
ပန်း(မင်း)ကို ခူးချွေလိုတဲ့
ဆန္ဒကို မာန(သတိ)နဲ့ ထိမ်းချုပ်ပြီး
နေခဲ့တာကို သတ္တိမရှိဘူးလို့
ထင်နေတာလား။
မင်း....မှတ်မိသေးလား?
မင်းနဲ့ ၂ ယောက်တည်းသွားခဲ့တဲ့
အချိန်တွေမှာ အခွင့်အရေးယူတာ ဘာတွေရှိခဲ့လဲ။
ငါ့မှာ .......မင်းလက်လေးတွေကိုင်ရမှာကို
စိုးရွံနေခဲ့မိတယ်လေ။
ပွန်းပဲသွားမှာစိုးလို့ပေါ့
အဲဒီလို...
မင်းအတွက် အရာရာစဉ်းစားပေးခဲ့တာပါ။
နောက်ဆုံးတော့လဲ ..........
ပန်းဆိုတာ ပန်းပါပဲလို့
ငါ့အတွေးတွေကို မင်းက
မှန်ပါတယ်လို့ သရုပ်ပြခဲ့တယ်။
ကျေနပ်ပါတယ်..စောစီးစွာ
အချိန်မနှောင်းသေးခင်
သိခွင့်ရှိလို့ပါ။
အတိတ်ကံက ငါ့မှာ ဘယ်လောက်တောင်
ဆိုးရွားခဲ့မှန်း မသိခဲ့ဘူး..
ကိုယ်ကချစ်ရတဲ့သူ ဆုံးရှုံးခဲ့ပြီး
နေ၀င်ချိန်မှာ....မင်းက
အလင်းရောင်ပေးခဲ့တာကို
လေးစားခဲ့ရတဲ့အချိန်မှာ
အတိုင်းအတာ တစ်ခု ဆိုတာ မတွေးမိခဲ့ဘူး။
တစ်ကယ်တော့............................
အလင်းရောင်ဆိုတာ အချိန်တန်ရင်
ပျောက်ကွယ်သွားမှာကို မတွေးခဲ့မိဘူး။
နောက်တစ်ချိန်ပေါ်လာမဲ့အလင်းရောင်ကို
ရမ်းရော်ကာ မှန်းမျှော်ရမှာကို
တွေးတွေးပြီး.............................
ကြောက်နေမိပါတော့တယ်လေ....................။

11:03 PM
29/10/2009

Tags: love, my, to

Share 

ဒီနေရာမှာကွန်မန့်ရေးမယ်

You need to be a member of MYAT KHINN THIT to add comments!

Join this Ning Network

ဗညားရှိန် Comment by ဗညားရှိန် on November 9, 2009 at 2:15am
ပန်းဆိုတာ ပန်းပါပဲလို့
ငါ့အတွေးတွေကို မင်းက
မှန်ပါတယ်လို့ သရုပ်ပြခဲ့တယ်။

ွGet Zawgyi Font


Please Click Here If You Want to Get Zawgyi Myanmar Font

! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! !

မြက်ခင်းသစ် မန်ဘာဝင်များ ၏ ကိုယ်ပိုင် စာရေးသားသော ဘလော့ လင့်များ


ဗညားရှိန်

မင်းယွန်းသစ်

သူရဿဝါ

ဇာတိ

နွေးနွေးသဲမွန်

မိုးစက်အိမ်

ပျိုခေတ်

သောတ

လင်းရမ္မာ

ညီမင်းခန့် ( ရိုးရာ )


ဂျေဂျူဝိုင်

အိမ်မက်ကဗျာ(လေတံခွန်)


မိုးတိမ်

ကြည်ဖြူပိုင်

မြက်ခင်းသစ် လွင်ပြင် မှ မန်ဘာ များ မိမိ ကိုယ်ပိုင်ဘလော့ များ ကို ဒီနေရာ တွင် ဖော်ပြလိုပါက
myatkhinnthit@gmail.com သို့ ကိုယ်ပိုင် ဘလော့လိပ်စာ များ ပေးပို့ထား နိုင်ပါသည် ။

© 2009   Created by ဗညားရှိန် on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service