MYAT KHINN THIT

မြက်ခင်းသစ်လွင်ပြင်

Phyo

အရိပ်ပြဇာတ်.....

ဂစ်တာကွဲတစ်လက်ရဲ့
သံစဉ်တွေနဲ့
ဟိုးးးးးးးး….မနီးမဝေး အတိတ်ဆီ
လမ်းလျှောက်ထွက်မိတော့
ငါတို့ရဲ့
ခပ်ရေးရေးအရိပ်ပြဇာတ်လေးနဲ့တောင်
ဆုံခဲ့မိသေးရဲ့
စကားစမြည်တွေပြောကြရင်းပေါ့

ဒီလိုရာသီမျိုးပေါ့
ငါတို့ကခဲ့ကြတာ
ဒီလိုရာသီမျိုးပေါ့
ငါတို့ ကန့်လန့်ကာချခဲ့ရတာ
ဟော…….
ဟိုမှာကြည့်စမ်း
အေးစက်တုန်ယင်နေတဲ့..
အရိပ်တွေ………………….အရိပ်တွေ
ငါမြင်နေရတယ်
အရမ်းအေးတဲ့ ဆောင်းကြောင့်မဟုတ်ဘူးကွယ့်

အတိုတောင်းဆုံး ငါတို့ရဲ့ပြဇာတ်ကလေး
သာယာနာပျော်ဖွယ် တေးသွားတွေမရှိခဲ့သလို
ဘီလူးဆိုင်းတွေလည်း ငါမတီးခဲ့
တိတ်တိတ်ကလေးပဲ ကခဲ့
တိတ်တိတ်ကလေးပဲ ပြီးဆုံးခဲ့တဲ့
ပြဇာတ်တစ်ပုဒ်အတွက်
လက်ခုပ်တီးမယ့်သူလည်းမရှိခဲ့
အသိအမှတ်ပြုတဲ့သူလည်းမရှိခဲ့

အဲ့ဒီအရိပ်ပြဇာတ်တိုလေးပေါ့
ငါတို့ကိုယ်တိုင်ရေး
ငါတို့ကိုယ်တိုင်က
ငါတို့ကိုယ်တိုင်ပဲ လက်ခုပ်တီးရင်း
ငါတို့ကိုယ်တိုင်ပဲ ကန့်လန့်ကာချခဲ့တာ……..

Tags: အရိပ်များဖြင့်ကပြဖျော်ဖြေသေ...

Share 

ဒီနေရာမှာကွန်မန့်ရေးမယ်

You need to be a member of MYAT KHINN THIT to add comments!

Join this Ning Network

ဗညားရှိန် Comment by ဗညားရှိန် on November 9, 2009 at 2:08am
အင်းး မင်းကိုယ်တိုင် ကွန်မန့်ပေးမှရတော့မယ်ထင်တယ်
ကဗျာ Comment by ကဗျာ on November 6, 2009 at 2:19pm
ဟုတ်တယ် ... ကိုယ်တိုင်ကန့်လန့်ကာ ချနိုင်ရင်အကောင်းဆုံး ... ဘယ်ခြေလှမ်းမဆို ကိုယ်ကအရင် ရုတ်သိမ်းလိုက်နိုင်တာက သူများရုတ်သိမ်းလိုက်တော့မှ မတတ်နိုင်ပဲ လိုက်ရုတ်သိမ်းရတဲ့သူထက်တော့ ဖြေသာတာပေါ့ဟာ ...
ပျိုခေတ် Comment by ပျိုခေတ် on November 3, 2009 at 2:31pm
ကာယကံရှင်က အရေးအကြီးဆုံးပဲလေ..... ဘီလူးဆိုင်းတွေ မပါခဲ့တာကပဲ ကံကောင်းတာပေါ့....
ဘယ်ဇာတ်မဆို ကိုယ်တိုင်ရေး ကိုယ်တိုင်ကပြီဆိုမှတော့ ကိုယ်တိုင်ပဲ ကန့်လန့်ကာချရတော့မှာပေါ့
တခြားတဦးတယောက်က ကန့်လန့်ကာဝင်ချသွားတာထက်တော့ ပိုလှတဲ့ ဇာတ်သိမ်းပဲပေါ့....
ကိုယ်တိုင် ကန့်လန့်ကာချနိုင်ခဲ့တာကိုက ......

ွGet Zawgyi Font


Please Click Here If You Want to Get Zawgyi Myanmar Font

! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! !

မြက်ခင်းသစ် မန်ဘာဝင်များ ၏ ကိုယ်ပိုင် စာရေးသားသော ဘလော့ လင့်များ


ဗညားရှိန်

မင်းယွန်းသစ်

သူရဿဝါ

ဇာတိ

နွေးနွေးသဲမွန်

မိုးစက်အိမ်

ပျိုခေတ်

သောတ

လင်းရမ္မာ

ညီမင်းခန့် ( ရိုးရာ )


ဂျေဂျူဝိုင်

အိမ်မက်ကဗျာ(လေတံခွန်)


မိုးတိမ်

ကြည်ဖြူပိုင်

မြက်ခင်းသစ် လွင်ပြင် မှ မန်ဘာ များ မိမိ ကိုယ်ပိုင်ဘလော့ များ ကို ဒီနေရာ တွင် ဖော်ပြလိုပါက
myatkhinnthit@gmail.com သို့ ကိုယ်ပိုင် ဘလော့လိပ်စာ များ ပေးပို့ထား နိုင်ပါသည် ။

© 2009   Created by ဗညားရှိန် on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service