MYAT KHINN THIT

မြက်ခင်းသစ်လွင်ပြင်

မေ့ပစ်ဖို့ကြိုးစားနေလို့ သတိတွေမပေးတော့ဘူး
နှုတ်ဆက်ဖို့အရေးမပါမိလို့ မမျှော်လင့်နေတော့ဘူး
နေတတ်သင့်သလောက်နေတတ်နေဖို့
ငါ့မနေ့က စိတ်တွေကို ဒီနေ့ခေါ်မလာခဲ့ဘူး……

Who am I ? ဆိုတဲ့အဖြေ ငါမသိသေးပါဘူး
ဒါပေမဲ့ What is my position? ဆိုတာတော့
မျှော်လင့်ထားသလိုပဲ သိလိုက်ရတယ်
ဒါပေမဲ့ မနေ့ကတော့ ခံနိုင်ရည်တွေ ပျောက်ဆုံးသွားသေးတယ်…..

ဒဏ္ဍာရီတွေထဲကလို ငါ့မျက်ရည်တွေမခမ်းသေးပေမဲ့
ငါ တညလုံးအကြာကြီး မျက်ရည်ကျဖူးခဲ့ပြီ
ဘယ်တော့မှ နားလည်ခြင်းမခံရမဲ့ ငါ့စိတ်တွေကို
နားလည်နေကြတဲ့ပုံစံဖြစ်ဖို့ ကြိုးစားနေပေးမယ်…..

နေမြင့်ရင် အရူးရင့်တယ်လို့ လူတွေပြောလေ့ရှိကြသလို
သန်းခေါင်ယံတွေဟာ ငါ့အတွက်မွန်းတည့်ချိန်တွေပဲလား
တခြားသူတွေလို ဂစ်တာသံနဲ့ချော့သိပ်ကြသလို
ငါ့မျက်ရည်တွေကလည်း ညတိုင်းတာဝန်မှ မပျက်ခဲ့တာပဲ…..

မေ့ပစ်ခံနေရပေမဲ့ ငါမမေ့ပစ်နိုင်ပါဘူး
နှုတ်ဆက်မသွားပေမဲ့ ငါလက်ပြနေရစ်ခဲ့ပါတယ်
နေတတ်သင့်သလောက်နေတတ်ဖို့တော့
ဒီနေ့လိုနေမျိုးတွေ မျက်ရည်တွေနဲ့အများကြီးလိုအပ်ဦးမယ်………

Share 

ဒီနေရာမှာကွန်မန့်ရေးမယ်

You need to be a member of MYAT KHINN THIT to add comments!

Join this Ning Network

yaechal Comment by yaechal on November 7, 2009 at 3:39pm
နေမြင့်ရင် အရူးရင့်တယ်လို့ လူတွေပြောလေ့ရှိကြသလို
သန်းခေါင်ယံတွေဟာ ငါ့အတွက်မွန်းတည့်ချိန်တွေပဲလား
အရမ်းကောင်းပါတယ်သူငယ်ချင်း
အဲဒီစာသားကကျွန်တော်နှလုံးသားကိုထိတယ်ဗျာ
တော်တော်တိုက်ဆိုင်လိုက်တာအဲဒီလိုစာလုံးကိုကျွန်တော်ကဗျာမှာရေးမလို့ သူငယ်ချင်းဦးသွားတယ်း)
အောင်သန့် Comment by အောင်သန့် on November 5, 2009 at 10:00pm
တားတားလဲနိုပေးမယ်နော်
Phyo Comment by Phyo on November 3, 2009 at 9:24pm
အဟဲ....ငါလည်းကူငိုပေးမယ်လေ.....
ီဒီရက်ပိုင်းအတော်ပျင်းနေလို့......ဟိ
ကဗျာ Comment by ကဗျာ on November 2, 2009 at 2:06pm
မေ့ပစ်ခံနေရပေမဲ့ ငါမမေ့ပစ်နိုင်ပါဘူး
နှုတ်ဆက်မသွားပေမဲ့ ငါလက်ပြနေရစ်ခဲ့ပါတယ်
နေတတ်သင့်သလောက်နေတတ်ဖို့တော့
ဒီနေ့လိုနေမျိုးတွေ မျက်ရည်တွေနဲ့အများကြီးလိုအပ်ဦးမယ်………
(ထပ်တူတထပ်မျှ ခံစားသွားတယ် .. ပျိုရေ ... တကယ်မိုက်တယ်)
ဗညားရှိန် Comment by ဗညားရှိန် on November 2, 2009 at 10:40am
နေမြင့်ရင် အရူးရင့်တယ်လို့ လူတွေပြောလေ့ရှိကြသလို
သန်းခေါင်ယံတွေဟာ ငါ့အတွက်မွန်းတည့်ချိန်တွေပဲလား
တခြားသူတွေလို ဂစ်တာသံနဲ့ချော့သိပ်ကြသလို
ငါ့မျက်ရည်တွေကလည်း ညတိုင်းတာဝန်မှ မပျက်ခဲ့တာပဲ…..
ဗညားရှိန် Comment by ဗညားရှိန် on November 2, 2009 at 10:40am
တကယ်ကောင်းလွန်းတယ်
ဝလုံးဝိုင်းဝိုင်း Comment by ၀လုံးဝိုင်းဝိုင်း on November 1, 2009 at 3:21pm
ခံစားသွားတယ်။ ကျေးဇူး။ နှစ်သက်မိပါတယ်။

ွGet Zawgyi Font


Please Click Here If You Want to Get Zawgyi Myanmar Font

! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! !

မြက်ခင်းသစ် မန်ဘာဝင်များ ၏ ကိုယ်ပိုင် စာရေးသားသော ဘလော့ လင့်များ


ဗညားရှိန်

မင်းယွန်းသစ်

သူရဿဝါ

ဇာတိ

နွေးနွေးသဲမွန်

မိုးစက်အိမ်

ပျိုခေတ်

သောတ

လင်းရမ္မာ

ညီမင်းခန့် ( ရိုးရာ )


ဂျေဂျူဝိုင်

အိမ်မက်ကဗျာ(လေတံခွန်)


မိုးတိမ်

ကြည်ဖြူပိုင်

မြက်ခင်းသစ် လွင်ပြင် မှ မန်ဘာ များ မိမိ ကိုယ်ပိုင်ဘလော့ များ ကို ဒီနေရာ တွင် ဖော်ပြလိုပါက
myatkhinnthit@gmail.com သို့ ကိုယ်ပိုင် ဘလော့လိပ်စာ များ ပေးပို့ထား နိုင်ပါသည် ။

© 2009   Created by ဗညားရှိန် on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service